Thursday, July 14, 2016

ကျပ် (၅) သောင်းဆုပေါက်သူ၏ မူလဇာတာအား လေ့လာခြင်း(၁)



ကျပ် (၅) သောင်းဆုပေါက်သူ၏ မူလဇာတာအား လေ့လာခြင်း(၁)



·        သင်ဆရာ၊မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊
၁၉၉၅ခုနှစ်မှ ယနေ့ထိ၊ထီအကြံ ပြုပေးခြင်း အတွေ့အကြုံများအရ
လည်းကောင်း၊ထီပေါက်ဖူးသူများ၏ မူလဇာတာများကို သုတေသန
ပြုလုပ်လေ့လာတွေ့ရှိချက် များမှ လည်းကောင်း မိမိလေ့လာသင်ယူ
ဆည်းပူး လက်တွေ့ အသုံးပြုနေသည့် ဝေဒ နည်းပညာဥပဒေသများနှင့်
ကိုက်ညီမူ၊မှန်ကန်မူ ရှိ/မရှိလေ့လာတွေ့ရှိချက်အား လေ့လာလိုသူများ
အတွက် ရေးသားလိုက်ပါသည်။
·         ထီပေါက်ကိန်း လေ့လာခြင်း
·        ၁၉၉၅ ခုနှစ်မှ ယနေ့ထိ၊ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင်
လည်းကောင်းတို့ အားလုံးသည် ထီပေါက်ကိန်းရှိနေသည့်ကာလ
အတွင်းထီပေါက်သူများသာ ဖြစ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

·        ဝေဒနည်းပညာ ဥပဒေသများ(၃-၆)
·        ကောဇာကြာသပတေးဂြိုလ်၏ (၂)တန့် ဓနဘာဝအိမ်တွင် မူလ
တနင်္ဂနွေဂြိုလ် ရှိနေလျှင် လည်းကောင်းရောက်ရှိနေသည့်
ကာလအတွင်း ထီပေါက်ကိန်း ရှိနေပါသည်။

·        ထီပေါက်ကိန်း
·        ကောင်းကင် ကောဇာ ကြာသပတေးဂြိုလ်သည် သိဟ်ရာသီတွင်
(၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆)ကာလအတွင်း ရှိနေပါသည်။
ကောဇာ ကြာသပေတးဂြိုလ်၏(၂)တန့်ဓနဘာဝအိမ်တွင် မူလ
တနင်္ဂနွေဂြိုလ် ရှိနေသဖြင့်ဇာတာရှင်သည် (၁၈.၇.၂၀၁၅)မှ
(၁၈.၈.၂၀၁၆) ကာလအတွင်း ထီပေါက်ကိန်းရှိနေကြောင်း
ကြိုတင် သိရှိနိင်ရန် ဝေဒ နည်းပညာ ဥပဒေသများ(၃-၆)အရ
အကြံပြုအပ်ပါသည်။
·        ဇာတာရှင်သည် (၃၂၁) ကြိမ်(၁.၁၀.၂၀၁၅)ထီဖွင့်ပွဲတွင် ကက ၅၂၇၈၈၁ ဖြင့်
ကျပ်(၅)သောင်းဆု ထီပေါက်ခြင်းက ဝေဒ နည်းပညာ ဥပဒေသများ
ကိုက်ညီမူ၊မှန်ကန်မူကို သက်သေပြနေပါသည်။
ဆက်ရန်
၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်.

No comments:

Post a Comment