Thursday, July 21, 2016

ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူ၏ မူလဇာတာအား လေ့လာခြင်း(၂)



ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူ၏ မူလဇာတာအား လေ့လာခြင်း(၂)

သင်ဆရာ၊မြင်ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် လည်းကောင်း၊၁၉၉၅ခုနှစ်
မှယနေ့ထိ၊ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရ လည်းကောင်း၊ထီပေါက်ဖူး
သူများ၏ မူလဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်များအရ
လည်းကောင်း မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာ
နောက်ကွယ်ရှိ ထီပေါက်မည့် အက္ခရာနှင့် နေရာအလိုက် ဂဏန်းများကို ဝေဒနည်း
ပညာ ဥပဒေသများဖြင့် ပိုင်းခြား  သိရှိပြီး ဖြစ်ပါသည်။
မည်သည့်ဖြစ်ရပ်-ကောင်းသည့်ဖြစ်ရပ် ဖြစ်စေ၊ဆိုးသည့် ဖြစ်စေ-ထင်ရှားသော
ဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်း အားလုံးသည် မူလဇာတာတွင် မပါရှိပဲ မည်သည့်
အကြောင်းနှင့်မျှ ဖြစ်လာစရာ အကြောင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော်-
ဇာတာရှင်၏ အတိတ်ဘ၀ ကုသိုလ်ကံ၊အကုသိုလ်ကံ အကြောင်းတရားကြောင့်-
ကောင်းကင်ရှိ ဂြိုဟ် နက္ခတ် ဖွဲ့စည်း တည်ဆောက်မှုတို့က-ဇာတာရှင်၏
မွေးဖွားချိန်တွင် လွှမ်းမိုး ထားပြီးနောက်- ထီအက္ခရာနှင့် နေရာအလိုက် ဂဏန်းများကို
မူလဇာတာတွင် သတ်မှတ် ပုံဖေါ်ပေးလိုက်သောကြောင့် ဖြစ်ပါ၏။
ထီနှင့်ပတ်သက်သော ထီပေါက်ကိန်း၊ထီပေါက်သည့် အက္ခရာနှင့် နေရာအလိုက်
ဂဏန်းများကို ဝေဒနည်းပညာ ဥပဒေများဖြင့် သုတေသန တွေ့ရှိချက်များမှ ဖေါ်ထုတ်
ထားခြင်းကြောင့် တူညီသော အချက်များကိုသာ ရေးသားပါမည်။



အက္ခရာနှင့် ထီအက္ခရာ
မြန်မာစာတွင် အက္ခရာ(က)မှ(အ)အထိ(၃၃)လုံး ရှိပါသည်။မြန်မာထီတွင် လိုအပ်ချက်
အရ ထီအက္ခရာ(က)မှ(ကဆ)အထိ(၄၀)လုံး ရှိပါသည်။
မူလဇာတာ
မွေးရက်၊မွေးလ၊ခုနှစ်၊မွေးနေ့မွေးချိန်၊မွေးဖွားရာဒေသ စသည့်အခြေခံ အချက်
အလက်များကို မူတည်ပြီး ဝေဒနည်းပညာဖြင့် ကောင်းကင်ရှိ ဂြိုလ်အနေအထားများ
မည်သည့် ရာသီတွင် ရှိသည် စသည်တို့ကို တွက်ချက်ခြင်း ဖြစ်ပါသည်။မူလဇာတာ
တွင် ရာသီ(၁၂)ပါး၊ဘာဝ(၁၂)ခု၊လဂ်နှင့်ဂြိုလ်(၉)လုံး၊နက္ခတ်(၂၇)လုံးရှိပါသည်။
မူလဇာတာနှင့် ထီအက္ခရာတို့ဆက်စပ်ခြင်းကို ပိုင်းခြား လေ့လာခြင်း
ထီအက္ခရာ(က)မှ(ကဆ)အထိ ထီအက္ခရာ (၄၀)လုံး ရှိသည့်အနက် မွေးဖွားသည့် ခုနှစ်သက္ကရာဇ်ကို စိုးမိုးသည့် အကျိုးပေး ထီအက္ခရာ(၁)လုံး၊မွေးလကို စိုးမိုးသည့်
အကျိုးပေး ထီအက္ခရာ(၁)လုံး၊မွေးရက်ကို စိုးမိုးသည့် အကျိုးပေး ထီအက္ခရာ(၁)လုံး
မွေးနေ့အချိန်ကို စိုးမိုးသည့် အကျိုးပေး ထီအက္ခရာ(၁)လုံး စသည်ဖြင့် အကျိုးပေး
ထီအက္ခရာ(၄)လုံး ရှိကြောင်းကို ဆရာဒေါက်တာထူးလား Ph.D-Astrologer India)
၏ ပညာပါရမီကြောင့်သာ ပိုင်းခြား သိရှိရခြင်း ဖြစ်ပါသည်။
ထီပေါက်သည့် အက္ခရာ အား လေ့လာခြင်း
မြန်မာ့အောင်ဘာလေထီပေါက်ဖို့ဆိုလျှင် ပထမဦးဆုံး တူဖို့လိုသည်မှာ အက္ခရာ
ဖြစ်ပါသည်။ထီအက္ခရာ(က)မှ(ကဆ)အထိ၊အလုံး(၄၀)ရှိသည့်အနက် ထီပေါက်မည်
ဆိုလျှင် ဘယ်အက္ခရာနှင့် ထီပေါက်မှာလဲ?
ဇာတာရှင်သည် (၈.၆.၁၉၆၃)(၀၅း၀၀)နာရီ၊စနေနေ့၊ရန်ကုန်မြို့၊၁၃၂၅ ခု နယုန်လ
လပြည့်ကျော်(၂)ရက်၊စနေနေ့တွင် မွေးဖွားသူ ဖြစ်ပါသည်။
စနေနေ့(၀၅း၀၀)နာရီတွင် မွေးဖွားသူဖြစ်သဖြင့် ထီပေါက်မည့် အကျိုးပေး ကိုယ်ပိုင်
စမ-အက္ခရာမှာ(အ)အက္ခရာ ဖြစ်ပါသည်။
ဇာတာရှင်သည် (၃၃၀)ကြိမ်တွင် အ ၂၆၄၅၉၁ ဖြင့် ကျပ်သိန်း(၁၀၀)ဆုကြီး ထီပေါက်
ပါသည်။ဇာတာရှင်ထီပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသများ(၉)နှင့် ကိုက်ညီမူ
မှန်ကန်မူကို သက်သေပြနေပါသည်။
ဆက်ရန်
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်.

No comments:

Post a Comment