Wednesday, August 24, 2016

သုံးသပ်ခြင်း(၄)



သုံးသပ်ခြင်း(၄)

ထီ(၃၆၀)စောင် ယူထားခြင်း?

အချိန်နှင့်ကန့်သတ်အသုံးချခြင်း

ထီပေါက်ကိန်းရှိသည့်ကာလသည့်(၁)နှစ်(၁၂)ကြိမ်ရှိသဖြင့် (၁၂)ကြိမ်အတွင်း ထီပေါက်ဖို့
အချိန်ကို ကန့်သတ်အသုံးချခြင်းဖြစ်ပါသည်။

ငွေကြေးကို ကန့်သတ်အသုံးချခြင်း

ထီ(၃၆၀၀)စောင်ရှိသည့်အနက် ထီ(၃၆၀)စောင်ကို ပိုင်ခြား အသုံးချကံစမ်းခြင်းဖြစ်ပါသည်။
မိမိတတ်နိင်သောငွေကြေးပမာဏဖြင့် အချိန်နင့်ငွေကြေးကို ကန့်သတ်အသုံးချခြင်း
ဖြစ်ပါသည်။
မဖြစ်သေးသည်ကို ကြိုတင်သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။ဒုတိယနေရာဂဏန်း
(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံးရှိသည့်အနက် မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်
အတိုင်းမူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ဒုတိယနေရာ နက္ခတ်စိုးမိုးဂဏန်း(၁)လုံးကို
ပိုင်းခြားသိရှိရန် လိုပါသည်။

ဒုတိယနေရာ အကျိုးပေး နက္ခတ်စိုးမိုးဂဏန်း(၁)လုံး ပိုင်းခြားသိရှိခြင်း

သင်ဆရာမြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊၁၉၉၅ ခုနှစ်မှ ယနေ့ထိ
ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရလည်းကောင်း၊ထီပေါက်ဖူးသူများ၏ မူလဇာတာ
များကို သုတေသနပြုလုပ် တွေ့ရှိချက်များအရလည်းကောင်း မူလဇာတာတွင် သတ်မှတ်
ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ဒုတိယနေရာဂဏန်း
(၁)လုံးကို ပိုင်းခြားသိရှိပြီးဖြစ်ပါသည်။

နည်းစနစ်(၃)

ဒုတိယနေရာဂဏန်းတူရုံဖြင့် ထီပေါက်သည့် နည်းစနစ်ဖြစ်သော အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ
(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်း(၂)ဖြင့် ၀ီရိယ(၂)ဆတိုးပြီး ရရှိအောင်
နည်းစနစ်(၃)ဖြင့် လက်တွေ့ထီကံစမ်းသပ်ခြင်းဖြစ်ပါသည်။
မူလဇာတာအရ ထိုက်တန်သော ထီဆုများ ပေါက်ခြင်းဖြစ်ပါသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၅ ရက်.

Sunday, August 21, 2016

သုံးသပ်ခြင်း(၃)



သုံးသပ်ခြင်း(၃)

မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။

မြန်မာအောင်ဘာလေထီပေးသည့်စနစ်ကိုလေ့လာခြင်း

မြန်မာအောင်အာလေထီပေးသည့်စနစ်ကို လေ့လာရာတွင် ခေါ်ရလွယ်ကူစေရန် ထီစောင်ရေ
(၃၆၀)သိန်းရောင်းချရာ ပေးသည့်ဆုအရေအတွက်(၄၀၂၄၃)ဆုဖြစ်သဖြင့် မှတ်မိလွယ်စေရန် ထီ(၉၀၀)စောင်ကို(၁)ဆုနှုန်းပေးထားခြင်းဖြစ်ကြောင်း ဖြစ်နိင်ချေနည်းစနစ်ဖြင့် လေ့လာ
တွေ့ရှိရပါသည်။
ထီပေါက်သည့်စနစ်ကို လေ့လာခြင်း

အမှန်တကယ်လက်တွေ့ထီကံစမ်းသပ်ရတွင် ထီစောင်အရေအတွက်(၃၆၀၀)စောင်ကို
(၃)ဆု ထီပေါက်နိင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ငွေကြေးတတ်နိင်သူများအတွက်
အဆင်ပြေသော်လည်း ငွေကြေးအနည်းငယ်သာ တတ်နိင်သူတွေအတွက် မလွယ်ကူပါ။
ထီပေါက်ကိန်း

ဝေဒနည်းပညာတွင် ကောဇာဓနဂြိုဟ် ကြာသပတေးရှိသည့် ကာလကို ယူဆခြင်းဖြစ်သဖြင့်
ကောဇာကြာသပတေးဂြိုဟ်သည် (၁)ရာသီတွင်(၁)နှစ်ဝန်းကျင် ရှိနေပါသည်။ထီအကြိမ်
အရေအတွက်ဖြင့် ယူဆလျှင်(၁၂)ကြိမ် ဖြစ်ပါသည်။
အချိန်ကို ကန့်သတ်အသုံးချခြင်း
ထီပေါက်ကိန်းရှိသည့် ကာလမှာ(၁၂)ကြိမ်ရှိသဖြင့် အချိန်ကို ကန့်သတ်အသုံးချခြင်း
ဖြစ်ပါသည်။ထီပေါက်ကိန်းရှိသည့်ကာလအတွင်း ထီပေါက်ဖို့ အချိန်ကို ကန့်သတ်အသုံးချ
ခြင်းဖြစ်ပါသည်။
ငွေကြေးကို ကန့်သတ်အသုံးချခြင်း
ထီစောင် အရေအတွက်(၃၆၀၀)စောင် ထီကံစမ်းသပ်လျှင် ထီဆု(၃)ဆုပေါက်သော်လည်း
ငွေကြေးမတတ်နိင်သူများအနေဖြင့်(၁၀)ကြိမ်ခွဲပြီး၊ထီ(၃၆၀)စောင် ထီကံစမ်းသပ်ခြင်းဖြစ်
ပါသည်။
ဝေဒနည်းပညာဖြင့် ပိုင်းခြား သိရှိခြင်း
ဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံး ရှိသည့်အနက် မူလဇာတာတွင်သတ်မှတ်
ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ဒုတိယနေရာဂဏန်း
(၁)လုံးဖြင့် ထီကံစမ်းသပ်ခြင်းဖြစ်ပါသည်။
နည်းစနစ်


ဒုတိယနေရာဂဏန်းတူလျှင် ထီပေါက်သည့် နည်းစနစ်ဖြစ်သော အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ
(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာ ဂဏန်း(၁)လုံးဖြင့် ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။

ပထမ(၁)ကြိမ် ထီပေါက်ခြင်းမှာ တိုက်ဆိုင်မူကြောင့် ဖြစ်နိင်ပါသည်။

ဒုတိယ(၁)ကြိမ် ထီပေါက်ခြင်းမှာ နည်းစနစ်ကြောင့် ဖြစ်နိင်ပါသည်။

တတိယ(၁)ကြိမ် ထီပေါက်ခြင်းမှာ ဝေဒနည်းပညာကြောင့် ဖြစ်နိင်ပါသည်။
လေ့လာလိုသူ ဖေ့ဘုတ်မိတ်ဆွေများအတွက် အသိပေးရေးသားလိုက်ပါသည်။
သင်ဆရာ မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် လည်းကောင်း၊၁၉၉၅ ခုနှစ်မှ
ယနေ့ထိ၊ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရ လည်းကောင်း၊ထီပေါက်ဖူးသူများ၏
မူလဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်များအရ လည်းကောင်း
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် ဒုတိယနေရာ ဂဏန်း(၁)လုံးကို ဝေဒနည်းပညာ ဥပဒေသများဖြင့်
ပိုင်းခြား သိရှိ ပြီး ဖြစ်ပါသည်။

ဥာဉ်နှင့်မလုပ်စမ်းပါနှင့်ဥာဏ်နှင့်လုပ်စမ်းပါ။ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး လက်တွေ့
ထီကံစမ်းသပ်ခြင်းသည် ဥာဏ်နှင့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဝီရိယကို(၂)ဆတိုးလိုက်စမ်းပါ။မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်းဖြင့် ရရှိအောင်
(၁)လ ကြိုတင် စာရင်းပေး ထီမှာခြင်းသည် ၀ီရိယကို(၂)ဆတိုးဆောင်ရွက်ခြင်းဖြစ်
ပါသည်။
ထီပေါက်ကိန်းရှိသည့်ကာလအတွင်း အားလုံးထီပေါက်ပြီး။ထီပေါက်သူများနည်းတူ
ဝမ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၁ ရက်.

Sunday, August 14, 2016

ထီဆုကြီးပေါက်သူများ၏ မူလဇာတာများအား လေ့လာခြင်း(၃)



ထီဆုကြီးပေါက်သူများ၏ မူလဇာတာများအား လေ့လာခြင်း(၃)

မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။သင်ဘယ်မှာပဲနေနေ၊
ဘာပဲလုပ်လုပ်၊ထီပေါက်ဖို့ဆိုလျှင် ထီထိုးပါ။ဥာဉ်နှင့်မလုပ်စမ်းပါနှင့်ဥာဏ်နှင့်လုပ်စမ်းပါ။
ဝီရိယကို(၂)ဆတိုးပြီးဆောင်ရွက်လိုက်စမ်းပါ။ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ထီကံစမ်းသပ်
ခြင်းသည် ဥာဏ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။မိမိစိတ်ကြိုက်နည်းစနစ်များနှင့်ရရှိအောင်
ထီအကျိုးဆောင် ၀န်ဆောင်မူပေးသူထံ(၁)လ ကြိုတင်စာရင်းပေး ထီမှာခြင်းသည် ၀ီရိယကို (၂)ဆတိုးဆောင်ရွက်ခြင်း ဖြစ်ပါသည်။

သင်ဆရာ မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊၁၉၉၅ ခုနှစ်မှယနေ့ထိ၊
ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရ လည်းကောင်း၊ထီပေါက်ဖူးသူများ၏ မူလဇာတာ
များကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်ကြောင့်လည်းကောင်း၊ဝေဒနည်းပညာ
ဥပဒေသများအရ ပိုင်းခြား သိရှိပြီး ဖြစ်ပါသည်။

ထီဆုကြီးများဖြစ်သည့် ကျပ်သိန်း ၁၅၀၀ ဆုကြီးမှ ကျပ် ၅ သိန်းဆုထီ ထီဆု(၁၀)မျိုးကို
လေ့လာရာတွင်
ဝေဒနည်းပညာဥပဒေသများနှင့် တိုက်ဆိုင်ကြည့်ရာတွင် တူညီသောအချက်များမှာ

၁။ မူလဇာတာအရ ထီပေါက်ကိန်း ရှိနေကြခြင်းသည် တူညီနေကြောင်းကို ဝေဒနည်းပညာ
ဥပဒေသများအရ သိရှိရပါသည်။

၂။ မူလဇာတာအရ ထီနှင့်ငွေရလွယ်ကူသောယုဂ် ရှိနေခြင်းသည် တူညီနေကြောင်းကို
ဝေဒနည်းပညာဥပဒေသများအရ သိရှိရပါသည်။

၃။ မူလဇာတာအရ ဂြိုဟ်အားများကောင်းခြင်းများ တူညီတိုက်ဆိုင်ကြောင်းကို ဝေဒ
နည်းပညာဥပဒေသများအရ သိရှိရပါသည်။

၎။ မူလဇာတာအရ သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီအက္ခရာများ၊နေရာအလိုက်ဂဏန်းများဖြင့် ထီကံစမ်းထားခြင်းများတူညီနေသည်ကို
ဝေဒနည်းပညာဥပဒေများအရသိရှိရပါသည်။ 

ဗေဒင်ဝါသနာပါသူ ဖေ့ဘုတ်မိတ်ဆွေများ၊ထီဝါသနာပါသူ ဖေ့ဘုတ်မိတ်ဆွေများ၊လေ့လာ
လိုသူများအတွက် အသိပေးရေးသားလိုက်ပါသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၄ ရက်.