Saturday, August 13, 2016

ဝီရိယ(၂)ဆတိုးပြီး ဆောင်ရွက်သူကို ထီအကြံပြုပေးရာ ထီပေါက်ပြီ(၂)



ဝီရိယ(၂)ဆတိုးပြီး ဆောင်ရွက်သူကို ထီအကြံပြုပေးရာ ထီပေါက်ပြီ(၂)


မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒ နည်းပညာဖြစ်သည်။ဥာဏ်နှင့်မလုပ်စမ်းပါနှင့်
ဥာဏ်နှင့်လုပ်စမ်းပါ။ဝေဒနည်းပညာဖြင့် ပေါင်စပ်ပြီး ထီကံစမ်းသပ်ခြင်းသည် ဥာဏ်ဖြင့်
ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး လက်တွေ့ထီကံစမ်းသပ်လိုသူ(၁)ဦး၊ထီအကျိုးဆောင်
ဝန်ဆောင်မူပေးသူ(၁)ဦး၊ထီအကြံပြုပေးသူ(၁)ဦး၊သုံးဦးပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါ
သည်။

ကြိုတင် သိခြင်း
၁။ ယခုကာလ ထီပေါက်ကိန်းရှိနေခြင်းကို ဝေဒနည်းပညာ ဥပဒေသများဖြင့် ကြိုတင်သိရှိ
ထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။

၂။ ဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ ဂဏန်း(၁၀)လုံးရှိသည့်အနက် မူလဇာတာတွင်သတ်မှတ်
ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ဒုတိယနေရာဂဏန်း
(၁)လုံးကို ကြိုတင် သိရှိထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

မိတ်ကောင်းဆွေကောင်းရှိခြင်း
၃။ မိမိစိတ်ကြိုက် နည်းစနစ်များကို ရရှိအောင် အကျိုးဆောင် ၀န်ဆောင်မူပေးနေသည့်
ထီအကျိုးဆောင်ပေသူ မိတ်ကောင်းဆွေကောင်းရှိနေခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်း
တရား(၁)ခု ဖြစ်ပါသည်။
ဝီရိယကို(၂)ဆတိုးလိုက်စမ်းပါ။
ဝီရိယကို(၂)ဆတိုးပြီး မိမိစိတ်ကြိုက် နည်းစနစ်ဖြင့် ထီလက်မှတ်များ ရရှိအောင်(၁)လကြိုတင်
စာရင်းပေး ထီမှာခြင်းသည် ၀ီရိယကို(၂)ဆတိုးဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဝီရိယကို(၂)ဆတိုးဆောင်ရွက်ခြင်း
၎။ မိမိကိုယ်တိုင် ထီပေါက်ဖို့ ၀ီရိယကို(၂)ဆတိုးဆောင်ရွက်ခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်း
တရား(၁)ခု ဖြစ်ပါသည်။

နည်းစနစ်
၅။ ဒုတိယနေရာဂဏန်းတူရုံဖြင့် ထီပေါက်သည့် နည်းစနစ်ဖြစ်သော အထူးမင်္ဂလာစုံတွဲ
ထိပ်စီးစုံ(၉)တွဲကို မိမိထီပေါက်မည့် ဂဏန်း(၁)လုံးဖြင့် ထီကံစမ်းသပ်ခြင်းဖြစ်ပါသည်။
(၁)လ ကြိုတင် စာရင်းပေးထီမှာခြင်း
၆။ မိမိစိတ်ကြိုက် နည်းစနစ်ဖြင့် ရရှိအောင်(၁)လ ကြိုတင်စာရင်းပေး ထီမှာခြင်းသည်လည်း
ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
သင့်တင့်လျှောက်ပတ်သောဒေသတွင်နေထိုင်ခြင်း
၇။ နေပြည်တော်မြို့မဈေး ကားဂိတ်များ ရောက်ရှိသည့် ဒေသတွင်နေထိုင်ခြင်းသည်လည်း
ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
အထက်ပါအကြောင်းတရားများ တူညီတိုက်ဆိုင်သောအခါ ထီပေါက်ကိန်းရှိသည့်ကာလအတွင်း
အကျိုးပေးချိန်တန်သည့် အကြိမ်တွင် ကံအကျိုးပေးသော ထီဆုပေါက်ခြင်းဖြစ်ပါသည်။
ထီစိတ်ဝင်စားသူများ၊ဗေဒင်ဝါသနာပါသူများ လေ့လာနိင်ရန် ထီပေါက်သူ၏ မူလဇာတာ၊
ထီလက်မှတ်(scan)ဖတ်မှတ်တမ်းတင်ထားခြင်းတို့အား အသိပေးရေးသားလိုက်ပါသည်။
ထီပေါက်သူနည်းတူ ၀မ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၄ ရက်

No comments:

Post a Comment