Thursday, July 21, 2016

ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူ၏ မူလဇာတာအား လေ့လာခြင်း



ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူ၏ မူလဇာတာအား လေ့လာခြင်း

သင်ဆရာ၊မြင်ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် လည်းကောင်း၊၁၉၉၅ခုနှစ်
မှယနေ့ထိ၊ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရ လည်းကောင်း၊ထီပေါက်ဖူး
သူများ၏ မူလဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်များအရ
လည်းကောင်း မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာ
နောက်ကွယ်ရှိ ထီပေါက်မည့် အက္ခရာနှင့် နေရာအလိုက် ဂဏန်းများကို ဝေဒနည်း
ပညာ ဥပဒေသများဖြင့် ပိုင်းခြား  သိရှိပြီး ဖြစ်ပါသည်။
မည်သည့်ဖြစ်ရပ်-ကောင်းသည့်ဖြစ်ရပ် ဖြစ်စေ၊ဆိုးသည့် ဖြစ်စေ-ထင်ရှားသော
ဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်း အားလုံးသည် မူလဇာတာတွင် မပါရှိပဲ မည်သည့်
အကြောင်းနှင့်မျှ ဖြစ်လာစရာ အကြောင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော်-
ဇာတာရှင်၏ အတိတ်ဘ၀ ကုသိုလ်ကံ၊အကုသိုလ်ကံ အကြောင်းတရားကြောင့်-
ကောင်းကင်ရှိ ဂြိုဟ် နက္ခတ် ဖွဲ့စည်း တည်ဆောက်မှုတို့က-ဇာတာရှင်၏
မွေးဖွားချိန်တွင် လွှမ်းမိုး ထားပြီးနောက်- ထီအက္ခရာနှင့် နေရာအလိုက် ဂဏန်းများကို
မူလဇာတာတွင် သတ်မှတ် ပုံဖေါ်ပေးလိုက်သောကြောင့် ဖြစ်ပါ၏။
ထီနှင့်ပတ်သက်သော ထီပေါက်ကိန်း၊ထီပေါက်သည့် အက္ခရာနှင့် နေရာအလိုက်
ဂဏန်းများကို ဝေဒနည်းပညာ ဥပဒေများဖြင့် သုတေသန တွေ့ရှိချက်များမှ ဖေါ်ထုတ်
ထားခြင်းကြောင့် တူညီသော အချက်များကိုသာ ရေးသားပါမည်။

ယခုကာလ ထီပေါက်ကိန်း
ကောင်းကင် ကောဇာ ကြာသပတေးဂြိုဟ်သည် သိဟ်ရာသီတွင် (၁၈.၆.၂၀၁၅)မှ
(၁၈.၈.၂၀၁၆)ကာလအတွင်း ရှိနေမည်ဖြစ်ပါသည်။
ဝေဒနည်းပညာ ဥပဒေသများ(၂-၂)
ကြာသပတေးဂြိုဟ်သည် (၅)တန့် အမြင် မြင်ပါသည်။မူလဇာတာ တနင်္လာဂြိုလ်၏
(၂)တန့် ဓနဘာဝအိမ်ကို ကောဇာဓနဂြိုလ် မြင်လျှင် လည်းကောင်း မြင်နေသည့်
ကာလအတွင်း ငွေအမြောက်အများဝင်ကိန်း(သို့)ထီပေါက်ကိန်း ရှိနေပါသည်။

ဇာတာရှင်သည် ဗြိစ္ဆာရာသီစန်း ပိုင်ရှင် ဖြစ်နေသဖြင့် (၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆)
ကာလအတွင်း ထီဆုကြီးပေါက်ကိန်း ရှိနေပါသည်။
ဇာတာရှင်(၃၃၀)ကြိမ်တွင် အ ၂၆၄၅၉၁ ဖြင့် ကျပ်သိန်း(၁၀၀)ဆုကြီး ထီပေါက်ခြင်းက
ဝေဒနည်းပညာ ဥပဒေသများ(၂-၂)နှင့် ကိုက်ညီမူ မှန်ကန်မူကို သက်သေပြနေပါ
သည်။
ဆက်ရန်.၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်.

No comments:

Post a Comment