Friday, July 22, 2016

ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူ၏ မူလဇာတာအား လေ့လာခြင်း(၃)



ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူ၏ မူလဇာတာအား လေ့လာခြင်း(၃)

သင်ဆရာ၊မြင်ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် လည်းကောင်း၊၁၉၉၅ခုနှစ်
မှယနေ့ထိ၊ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရ လည်းကောင်း၊ထီပေါက်ဖူး
သူများ၏ မူလဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်များအရ
လည်းကောင်း မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာ
နောက်ကွယ်ရှိ ထီပေါက်မည့် အက္ခရာနှင့် နေရာအလိုက် ဂဏန်းများကို ဝေဒနည်း
ပညာ ဥပဒေသများဖြင့် ပိုင်းခြား  သိရှိပြီး ဖြစ်ပါသည်။
မည်သည့်ဖြစ်ရပ်-ကောင်းသည့်ဖြစ်ရပ် ဖြစ်စေ၊ဆိုးသည့် ဖြစ်စေ-ထင်ရှားသော
ဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်း အားလုံးသည် မူလဇာတာတွင် မပါရှိပဲ မည်သည့်
အကြောင်းနှင့်မျှ ဖြစ်လာစရာ အကြောင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော်-
ဇာတာရှင်၏ အတိတ်ဘ၀ ကုသိုလ်ကံ၊အကုသိုလ်ကံ အကြောင်းတရားကြောင့်-
ကောင်းကင်ရှိ ဂြိုဟ် နက္ခတ် ဖွဲ့စည်း တည်ဆောက်မှုတို့က-ဇာတာရှင်၏
မွေးဖွားချိန်တွင် လွှမ်းမိုး ထားပြီးနောက်- ထီအက္ခရာနှင့် နေရာအလိုက် ဂဏန်းများကို
မူလဇာတာတွင် သတ်မှတ် ပုံဖေါ်ပေးလိုက်သောကြောင့် ဖြစ်ပါ၏။
ထီနှင့်ပတ်သက်သော ထီပေါက်ကိန်း၊ထီပေါက်သည့် အက္ခရာနှင့် နေရာအလိုက်
ဂဏန်းများကို ဝေဒနည်းပညာ ဥပဒေများဖြင့် သုတေသန တွေ့ရှိချက်များမှ ဖေါ်ထုတ်
ထားခြင်းကြောင့် တူညီသော အချက်များကိုသာ ရေးသားပါမည်။



မူလဇာတာနှင့် နေရာအလိုက် ဂဏန်းများကို လေ့လာခြင်း
မူလဇာတာတွင် လဂ်နှင့် ဂြိုဟ်(၉)လုံးရှိသည့်အနက် လဂ်နှင့်ဘယ်ဂြိုဟ်က ဘယ်နေရာကို စိုးမိုးတာလဲ?၊မြန်မာ့အောင်ဘာလေထီတွင် နေရာအလိုက်(၆)နေရာ
ရှိသည့်အနက် ဘယ်နေရာကို စိုးမိုးတာလဲ?
မူလဇာတာနှင့် နက္ခတ်ကို လေ့လာခြင်း
မူလဇာတာတွင် နက္ခတ် နက္ခတ်(၂၇) လုံး ရှိပါသည်။နက္ခတ်များကို စိုးမိုးသည့်
စိုးမိုးဂဏန်း(၉)လုံးရှိပါသည်။စနေဂြိုဟ်စိုးမိုးဂဏန်း(၀/၇)ယူဆသဖြင့် ဖြစ်ပါသည်။

တတိယနေရာဂဏန်းများကို လေ့လာခြင်း
မူလဇာတာတွင် သတ်မှတ် ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် တတိယနေရာ စိုးမိုးဂဏန်း(၀)မှ(၄)အတွင်း ဖြစ်နေကြောင်းကို
ဝေဒနည်းပညာ ဥပဒေသများ(၁၆-၁)အရ လေ့လာသိရှိရပါသည်။
ဇာတာရှင်သည် (၃၃၀)ကြိမ်တွင် အ ၂၆၄၅၉၁ ဖြင့် ကျပ်သိန်း(၁၀၀)ဆုကြီး ထီပေါက်
ပါသည်။ဇာတာရှင်ထီပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသများ(၁၆-၁)နှင့် ကိုက်ညီမူ မှန်ကန်မူကို သက်သေပြနေပါသည်။
ဆက်ရန်
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်.

No comments:

Post a Comment