Sunday, September 4, 2016

ကျပ်သိန်း(၂၀၀)ဆုကြီး ထီပေါက်သူ၏ ဇာတာအား လေ့လာခြင်း



·         ကျပ်သိန်း(၂၀၀)ဆုကြီး ထီပေါက်သူ၏ ဇာတာအား လေ့လာခြင်း

·         ယနေ့အကြောင်းညီညွတ်သဖြင့် ထီရောင်းချသူကိုယ်စားလှယ်နှင့် တွေ့ဆုံဖြစ်ပါသည်။သူ၏
ထီဆိုင်မှ(၃၃၂)ကြိမ်တွင် ဆ ၂၆၂၅၈၉ ဖြင့် ကျပ်သိန်း(၂၀၀)ဆုကြီးထီပေါက်ကြောင်း
ပြောကြားလာပါသည်။
·         ထို့ကြောင့် ထီပေါက်သူထံ ထီရောင်းချသူကိုယ်စားလှယ်မှဖုန်းဆက်ပြီး မွေးဖွားသက္ကရာဇ်
အပြည့်အစုံကို မေးရာရရှိခဲ့ပါသည်။ထီပေါက်သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သဖြင့်
အမည်နှင့်ဖုန်းနံပတ်တို့ကိုမဖေါ်ပြတော့ပါ။
·         ၁၉၉၅ ခုနှစ်မှစတင်ပြီး ယနေ့ထိ အကြောင်းညီညွတ်သည့်အခါများတွင် ထီပေါက်သူများနှင့်
ဆွေးနွေးဖြစ်ကြောင်း ထီပေါက်သူများ၏မူလဇာတာများကို သုတေသနပြုလုပ် လေ့လာ
လျက်ရှိကြောင်း ဆွေးနွေးဖြစ်ပါသည်။
·         ထီကိုယ်စားလှယ်နှင့်မွေးသက္ကရာဇ်အပြည့်အစုံပေးသော ထီပေါက်သူတို့ကိုအထူးပင်
ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။

·         ယခုကာလ ထီပေါက်ကိန်းအား လေ့လာခြင်း
·         မူလဇာတာအရ ဇာတာရှင်သည် မကာရ ရာသီတွင် ကြာသပတေးဂြိုဟ် ရှိနေပါသဖြင့်
(၁၈.၈.၂၀၁၆)မှ(၁၈.၉.၂၀၁၇)ကာလအတွင်း ထီပေါက်ကိန်းရှိသူဖြစ်နေကြောင်း
ဝေဒနည်းပညာ ဥပဒေသများ(၄)အရ လေ့လာတွေ့ရှိရပါသည်။
·         ဇာတာရှင်ထီပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသများမှန်ကန်ခြင်းကို သက်သေပြ
နေပါသည်

·         ထီပေါက်သည့် အက္ခရာအားလေ့လာခြင်း
·         ဇာတာရှင်သည် တနင်္လာနေ့(၀၄း၁၀)နာရီတွင် မွေးဖွားသူဖြစ်သဖြင့် ထီပေါက်မည့် ကိုယ်ပိုင်
စမ-အက္ခရာ(ဆ)အက္ခရာ ဖြစ်ကြောင်း ဝေဒနည်းပညာ ဥပဒေသများ(၉)အရ လေ့လာသိရှိ
·         ရပါသည်။

·         (၃၃၂)ကြိမ်တွင် ဆ ၂၆၂၅၈၉ ဖြင့် ကျပ်သိန်း (၂၀၀)ဆုကြီးထီပေါက်ခြင်းက ဝေဒနည်းပညာ
ဥပဒေသများ မှန်ကန်ခြင်းကို သက်သေပြနေပါသည်။

·         ထီပေါက်သူနည်းတူ ၀မ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
·         ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၄ ရက်.

No comments:

Post a Comment