Sunday, September 18, 2016

ထီအကြံပြုပေးသူ ကိုယ်တိုင် ထီပေါက်ပြီ



·         သုံးသပ်ခြင်း(၁)

·         ထီပေါက်ကိန်း
·         ကောင်းကင်ကောဇာ ဓနဂြိုဟ်ကြာသပတေးဂြိုဟ်သည် သိဟ်ရာသီတွင်(၁၈.၇.၂၀၁၅)မှ
(၁၈.၈.၂၀၁၆)ကာလအတွင်း ရှိနေမည်ဖြစ်ပါသည်။
·         ဇာတာရှင်သည် မိဿရာသီတွင် ကြာသပတေးဂြိုဟ် ရှိနေပါသဖြင့်(၁၈.၇.၂၀၁၅)မှ
(၁၈.၈.၂၀၁၆)ကာလအတွင်း ထီပေါက်ကိန်းရှိကြောင်း ဝေဒနည်းပညာဥပဒေသများ(၁)အရ
ကြိုတင် သိရှိရပါသည်။

·         ထီပေါက်ကိန်းရှိသည့် ကာလအတွင်းထီပေါက်ဖို့ ဘယ်စနစ်နဲ့ထီကံစမ်းသပ်မလဲ?
·         ငွေကြေးအနည်းငယ်သာတတ်နိင်သဖြင့် ဒုတိယနေရာဂဏန်းတူရုံဖြင့် ထီပေါက်သည့်
နည်းစနစ်ဖြစ်သော အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာ
ဂဏန်း(၂)ဖြင့် ၀ီရိယကို(၂)ဆတိုးပြီး လက်တွေ့ထီကံစမ်းသပ်ခဲ့ပါသည်။

·         ထီပေါက်ခြင်း
·         ထီပေါက်ခြင်းမှာ ထီကံစမ်းထားသော ထီပေါက်ခြင်းသည်လည်း အကြောင်းတရား
(၁)ခုဖြစ်ပါသည်။
·         ကံကောင်းသောကြောင့် ထီပေါက်ခြင်းသည်လည်း အကြောင်းတရား(၁)ခုဖြစ်ပါသည်။
·         ထီပေါက်ကိန်းရှိသည့် ကာလအတွင်း ထီပေါက်အားကောင်းသည့် နည်းစနစ်ဖြင့် ထီကံစမ်းသပ်
ခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

·         ကံဂြိုဟ်သည် ဘယ်ဂြိုဟ်လဲ?ဘာကြောင့်လဲ?
·         မူလဇာတာတွင် တနင်္ဂနွေဂြိုဟ်အစ ကိတ်ဂြိုဟ်အဆုံး ဂြိုဟ်(၉)လုံးရှိသည့်အနက်
ဘယ်ဂြိုဟ်သည် ကံဂြိုဟ်လဲ? အကြောင်းပြချက်ခိုင်လုံစွာဖြင့် မိမိစိတ်ကြိုက် ယူဆနိင်ပါသည်။

·         ကံဂြိုဟ်ကို စိုးမိုးသည့် နက္ခတ် ဘယ်နက္ခတ်လဲ?
·         မူလဇာတာတွင် နက္ခတ်(၂၇)လုံးရှိသည့်အနက် မိမိစိတ်ကြိုက် ယူဆထားသော ဂြိုဟ်ကို စိုးမိုးသည့် နက္ခတ် ဘယ်နက္ခတ်လဲ?

·         နက္ခတ်စိုးမိုးဂဏန်းဘယ်ဂဏန်းလဲ?
·         စိုးမိုးဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံးရှိသည့်အနက် မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေး
လိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိကံဂြိုဟ်ကို စိုးမိုးသည့် နက္ခတ် စိုးမိုးဂဏန်းဘယ်ဂဏန်းလဲကို ဆိုလိုပါသည်။

·         ဘယ်နေရာကဂဏန်းလဲ?
·         မြန်မာ့အောင်ဘာလေထီတွင် နေရာအလိုက်ဂဏန်း(၆)လုံး ရှိသည့်အနက် ကံဂြိုဟ်ကို စိုးမိုးသောဂဏန်းသည် ဘယ်နေရာက ဂဏန်းလဲ?
·         သင်ဆရာမြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊၁၉၉၅ ခုနှစ်မှ ယနေ့ထိ
ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရ လည်းကောင်း၊ထီပေါက်ဖူးသူများ၏ မူလဇာတာများကိုသုတေသနပြုလုပ် လေ့လာတွေ့ရှိချက်များအရ လည်းကောင်း မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ကံဂြိုဟ်၊ကံဂြိုဟ်ကို စိုးမိုးသောနက္ခတ်၊နက္ခတ်ကို စိုးမိုးသော ဂဏန်း၊ဂဏန်းကို စိုးမိုးသော နေရာ စသည်တို့ကို ဝေဒနည်းပညာဥပဒေသများဖြင့် ပိုင်းခြားသိရှိပြီး ဖြစ်ပါသည်။
·         မိမိကိုယ်ပိုင် လက်တွေ့ထီကံစမ်းသပ်ရာ ထီပေါက်ကိန်းရှိသည့်ကာလအတွင်း ကံအကျိုးပေးသောထီဆုများကို ပေါက်သည့်အပြင် ထီအကြံပြုပေးရာ ကြိုတင် သိရှိပြီး၊လိုက်နာကျင့်သုံး၊လက်တွေ့အသုံးချသူများ အားလုံးလည်း ထီပေါက်ကိန်းရှိသည့် ကာလအတွင်း အားလုံးထီပေါက်ပြီဖြစ်ပါသည်။
·         ဗေဒင်ဝါသနာပါသူများ လေ့လာလိုသူများအတွက် မျှဝေလိုက်ပါသည်။
·         ချိန်ခါမလွန်ခင် ဆွေးနွေးပါ။
·         ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်.

No comments:

Post a Comment