Thursday, August 22, 2013

(၂၉၅)ကြိမ် ကျပ်သိန်း(၁၅၀၀)ဆုကြီးပေါက်သူနှင့်ဆွေးနွေးခြင်း



(၂၉၅)ကြိမ် ကျပ်သိန်း(၁၅၀၀)ဆုကြီးပေါက်သူနှင့်ဆွေးနွေးခြင်း

(၂၂.၈.၂၀၁၃)ယနေ့ အကြောင်းညီညွတ်သဖြင့် (၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲတွင်
က ၆၁၀၂၄၆ ဖြင့် ကျပ်သိန်း(၁၅၀၀)ဆုကြီး ပေါက်သူ ဦးဌေးနိုင်ဦးနှင့် တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါသည်
ကျွန်တော်သည် “ဝေဒ”နည်းပညာ ၀ါသနာပါသူဖြစ်ကြောင်း ထီပေါက်သူများ၏ ဇာတာများကို
သုတေသနပြုလုပ်နေသူဖြစ်ပါကြောင်း တွေ့ဆုံဆွေးနွေးရာ (၁၃.၂.၁၉၇၁)(၁၉း၀၀)နာရီ ရေနီမြို့၊
၁၃၃၂ခု တပိုတွဲလပြည့်ကျော်(၃)ရက် စနေနေ့တွင် မွေးဖွားသူဖြစ်ပါသည်။

ထီပေါက်သူဇာတာကိုလေ့လာခြင်း
၁။ ငွေအမြောက်အများဝင်ကိန်းရှိ/မရှိ၊
၂။ ထီပေါက်ကိန်းရှိ/မရှိ၊
၃။ လဂ်ရာသီစီးနက္ခတ် စိုးမိုးဂဏန်း၊
၎။ ထီပေါက်နိင်သည့်အကြိမ်နှင့် တိုက်ဆိုင်မှုရှိ/မရှိ၊
၅။ ထီပေါက်သူ၏ ဒသာကိုလေ့လာခြင်း
၆။ ထီဆုအကြီး၊အသေးကို လေ့လာခြင်း
၁။ ငွေအမြောက်အများဝင်ကိန်းရှိ/မရှိ၊
ဇာတာရှင်သည် သိဟ်လဂ် ပိုင်ရှင် ဖြစ်သဖြင့်
(၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄) ခုနှစ်အတွင်းငွေအမြောက်အများဝင်ကိန်းရှိပါသည်။
ငွေအမြောက်အများဝင်ကိန်းရှိနေခြင်းသည် ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်နေပါသည်။
၂။ ထီပေါက်ကိန်းရှိ/မရှိ၊
ဇာတာရှင်သည် (၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄) ခုနှစ်အတွင်းငွေအမြောက်အများဝင်ကိန်း
ရှိနေပါသဖြင့်(၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄) ခုနှစ်အတွင်း ထီပေါက်ကိန်းရှိပါသည်။
ထီပေါက်ကိန်း ရှိနေခြင်းသည် ထီပေါက်ဖို့ အကြောင်းတရားတခု ဖြစ်ပါသည်။
၃။ လဂ်ရာသီစီးနက္ခတ် စိုးမိုးဂဏန်း၊
ဇာတာရှင်သည် သိဟ်ရာသီလဂ် ပိုင်ရှင် ဖြစ်ပြီး လဂ်ရာသီစီး နက္ခတ်စိုးမိုးဂဏန်းများမှာ
(၉)(၆)(၁) ဂဏန်းများဖြစ်ပါသည်။လဂ်စီးနက္ခတ်မှာ ပြုပဖလဂုဏီ နက္ခတ်ဖြစ်ပါသည်။
နက္ခတ်စိုးမိုးဂဏန်းမှာ(၆)ဂဏန်း ဖြစ်ပါသည်။
ဇာတာရှင်၏ လဂ်စီးနက္ခတ်စိုးမိုးဂဏန်း(၆)သည် ပထမနေရာ ထိပ်စီး ဖြစ်နေပါသည်။
လဂ်စီးနက္ခတ်စိုးမိုးဂဏန်း(၆)သည် ထိပ်စီးဖြစ်နေခြင်းမှာ ထီပေါက်ဖို့အကြောင်းတရား(၁)ခု
ဖြစ်နေပါသည်။
၎။ ထီပေါက်နိင်သည့်အကြိမ်နှင့် တိုက်ဆိုင်မှုရှိ/မရှိ၊
(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့ထီဖွင့်ပွဲဇာတာ သိဟ်လဂ်ရာသီစီး နက္ခတ်စိုးမိုးဂဏန်း(၉.၆.၁)နှင့်
ထီပေါက်သူ၏ဇာတာ သိဟ်လဂ်ရာသီစီး နက္ခတ်စိုးမိုးဂဏန်း(၉.၆.၁)တို့ တူညီတိုက်ဆိုင်သည့်
အကြိမ်တွင် ထီပေါက်ခြင်း ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ထီပေါက်နိင်သည့်အကြိမ်နှင့်တိုက်ဆိုင်မှုရှိနေခြင်းသည်လည်း အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၅။ ထီပေါက်သူ၏ ဒသာကိုလေ့လာခြင်း
ဇာတာရှင်သည်(၂၄.၄.၂၀၁၃)ရက်နေ့မှ(၉.၉.၂၀၁၃)ရက်နေ့အတွင်း
ကြာသာပတေးထူလ၊ဗုဒဟူးအန္တရ၊သောကြာပြန္တတရ ဒသာတွင် ထီပေါက်ခြင်းဖြစ်နေကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
၆။ ထီဆုအကြီး၊အသေးကို လေ့လာခြင်း

ထီဖွင့်ပွဲဇာတာစန်း(တနင်္လာ)ဂြိုလ် ဗြိသ ရာသီဖြင့် ထီဖွင့်ပွဲကို ကျင်းပခြင်းဖြစ်ပါသည်
ထီပေါက်သူ ဇာတာလဂ်သည် သိဟ်လဂ်ရာသီဖြစ်ပါသည်၊ထီပေါက်သူလဂ်မှ
(၃)တန့်၊(၆)တန့်၊(၈)တန့်၊(၁၂)တန့်တွင် မရှိဘဲ (၁၀)တန့်တွင် ရှိနေပါသဖြင့်
ထီဆုကြီးပေါက်ခြင်းဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ကျပ်သိန်း(၁၅၀၀)ဆုကြီးပေါက်သူနှင့်တွေ့ဆုံခွင့်ရအောင် အကူအညီပေးသော
မိုးယံ-ပျဉ်းမနားပင်ရင်း ဦးဝင်းမင်းနှင့် ထီပေါက်သူ ဦးဌေးနိင်ဦး 
၀၉-၄၂၈၁၂၁၂၁၃ အား အထူးပင် ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်။
ဆရာ ဘုန်းမြင့် ဝေဒသုတေသီ -A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)၊အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွတ်၊နေပြည်တော်။
http://www.sayaphone.webs.com တွင် လေ့လာနိုင်ပါသည်။
http://sayaphone-astrojer.blogspot.com/ တွင်လည်းလေ့လာနိင်ပါသည်။
Email:sayaphonemyint.npt@gmail.com./ p:09-6801883,09-420727866,FAX:067-432224.
(၂၂.၈.၂၀၁၃)

2 comments:

  1. ကောဇာ ၅တေး ကရော ဘာမှ အကျိုးမပေးဘူးလားဗျ

    ReplyDelete
  2. ငွေဝင်ကိန်း(ထီပေါက်ကိန်း)စသည်တို့ကို ကောဇာကြာသာပတေးနဲ့တွက်တာလေ အကျိုးပေးတာပေါ့

    ReplyDelete